သူတစ်ပါးအား ပျက်စီးစေသော စကားများ.
အားလုံးလက်ခံထားကြတာက လုပ်သမျှတွေဟာ ကံတွေဖြစ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ မရှိရှိ ကိုယ်လုပ်လိုက် ပြောလိုက် ဆိုလိုက်တဲ့ စကားတွေက ကံတွေဖြစ်သွားတတ်တယ်လေ။ ဒီကံရဲ့အကျိုးကို အားလုံးခံစားကြရမှာပါ။ လူတစ်ဖက်သားအကြောင်းကို လွယ်လွယ်လေးဝေဖန်တတ်ကြတဲ့ လူတွေကို တွေ့ဖူးကြလိမ့်မယ်ထင်တယ်။
''ခေတ်စကားနဲ့ပြောရရင် အချွန်နဲ့မတယ်၊ အရောက်ပို့တယ် ဆိုတဲ့ စကားကို မကြာခဏကြားရတယ်။ ဒီစကားက ခေတ်ပေါ်စကားဖြစ်ပေမဲ့ တော်တော်လေးမှန်နေပါတယ်။ ပြောတဲ့လူက ဘာမှမဟုတ်ဘဲ ရည်ရွှယ်ချက်နဲ့ပြောတာပဲ ဖြစ်ဖြစ်၊ ဘာမှ မဟုတ်ဘဲ ပြောတာပဲဖြစ်ဖြစ် ပြောလိုက်သူက ဘာမှမဖြစ်သွားသော်လည်း ခံရသူအတွက်တော့ အကျိုးသက်ရောက်မှု ရှိသွားနိုင်တယ်လေ ''
နားယောင်တဲ့လူက အထက်လူကြီးပဲဖြစ်ဖြစ်၊ လူကြီးမိဘတွေက တွေဝေပြီး ဒီစကားကို နားထောင်တဲ့လူစိတ်ထဲမှာ စွဲသွားနိုင်တယ်လေ။ ဒါကိုအခြေခံပြီး ဒီလူအပေါ်မှာ ယုံကြည်မှု၊ လေးစားမှု၊ အထင်ကြီးမှု၊ ကျဆင်းသွားနိုင်ပါတယ်။ ဒီအတွက် တိုးတက်ရေး၊ အောင်မြင်ရေး၊ ငွေရေး တို့မှာ များစွာ ထိခိုက်နိုင်တယ်နော်။ ဒါတွေကို အားလုံးအမှုမဲ့ မထားသင့်ပါဘူး။ လူတစ်ဖက်သား ထိခိုက်နစ်နာသွားတဲ့ အလုပ်ကို လုပ်ကြမလားမေးရင် လူတိုင်းမလုပ်ပါဘူးလို့ ပြောကြမှာပါ။ ဒါပေမဲ့ ပြောလိုက်ဆိုလိုက်ခြင်းဟာ တစ်ဖက်သားကို များစွာထိခိုက်နိုင်ပါတယ်။
လူတွေဟာ အထက်လူကြီးကို တွေ့တဲ့အခါ ဒါမှမဟုတ် အခွင့်အရေးရတဲ့အခါ တခြားသူအကြောင်းကို ရည်ရွှယ်ချက်အမျိုးမျိုးဖြင့် မသိမသာ ပြောလေ့ရှိပါတယ်။ စကားပြောတတ်ဆိုတတ်ရှိတာ အပေါ်မူတည်ပြီး တစ်ဖက်လူကို ယုံကြည်အောင် လုပ်ပြောနိုင်ပါတယ်။
တစ်ချို့က ၀ါသနာပါ။ ဒါကြောင့် တစ်ခုခုလူတစ်ဖက်သား အကြောင်းကို ပြောတော့မယ်ဆိုရင် ခဏလေးစဉ်းစားပြီးမှ ပြောသင့်ပါတယ်။ ဒါမှမဟုတ် ဒီလူအမှန်တကယ်မကောင်းလို့ တင်ပြချင်ရင်တောင်မှ အပိုအလိုမရှိပြောသင့်ပါတယ်။ ဒါမှအဖြစ်မှန်ပေါ်မှာ အစစအရာရာ ဆုံးဖြတ်နိုင်မှာပါ။
တစ်ချို့လူတွေကတော့ ရည်ရွှယ်ချက်ပျက်စီးလိုစိတ် လုံးဝမရှိပါဘူး။ ဒါပေမဲ့ တခြားသူအကြောင်းကို ပြောနေဆိုနေရတာ အရသာဖြစ်နေပါတယ်။ ဒီလိုလူတွေဟာ ကိုယ့်အကြောင်းအားနည်းချက် ဟာကွက်တွေကို ပြောလေ့ မရှိပါ။
အားလုံးဟာ ''တစ်ပါးသူအကြောင်းပြောတော့မယ်ဆိုရင် ဒီစကားကြောင့် လူတစ်ဖက်သား ထိခိုက်သွားနိုင်တယ် ဆိုတာကိုလည်း သတိထားသင့်ပါတယ်။ လုပ်သမျှတွေဟာ ကံတွေ ဖြစ်နေတဲ့အတွက် ကောင်တဲ့ ကံတွေကိုသာ ယဉ်ကျေးစွာ လုပ်သင့်ကြောင်းပါ''။
ခင်မောင်အေး(နှလုံး)
ဒီ စာကို အရမ်းနှစ်သက်ပါတယ်။ ဒါကြောင့် တင်မိပါတယ်..
''ခေတ်စကားနဲ့ပြောရရင် အချွန်နဲ့မတယ်၊ အရောက်ပို့တယ် ဆိုတဲ့ စကားကို မကြာခဏကြားရတယ်။ ဒီစကားက ခေတ်ပေါ်စကားဖြစ်ပေမဲ့ တော်တော်လေးမှန်နေပါတယ်။ ပြောတဲ့လူက ဘာမှမဟုတ်ဘဲ ရည်ရွှယ်ချက်နဲ့ပြောတာပဲ ဖြစ်ဖြစ်၊ ဘာမှ မဟုတ်ဘဲ ပြောတာပဲဖြစ်ဖြစ် ပြောလိုက်သူက ဘာမှမဖြစ်သွားသော်လည်း ခံရသူအတွက်တော့ အကျိုးသက်ရောက်မှု ရှိသွားနိုင်တယ်လေ ''
နားယောင်တဲ့လူက အထက်လူကြီးပဲဖြစ်ဖြစ်၊ လူကြီးမိဘတွေက တွေဝေပြီး ဒီစကားကို နားထောင်တဲ့လူစိတ်ထဲမှာ စွဲသွားနိုင်တယ်လေ။ ဒါကိုအခြေခံပြီး ဒီလူအပေါ်မှာ ယုံကြည်မှု၊ လေးစားမှု၊ အထင်ကြီးမှု၊ ကျဆင်းသွားနိုင်ပါတယ်။ ဒီအတွက် တိုးတက်ရေး၊ အောင်မြင်ရေး၊ ငွေရေး တို့မှာ များစွာ ထိခိုက်နိုင်တယ်နော်။ ဒါတွေကို အားလုံးအမှုမဲ့ မထားသင့်ပါဘူး။ လူတစ်ဖက်သား ထိခိုက်နစ်နာသွားတဲ့ အလုပ်ကို လုပ်ကြမလားမေးရင် လူတိုင်းမလုပ်ပါဘူးလို့ ပြောကြမှာပါ။ ဒါပေမဲ့ ပြောလိုက်ဆိုလိုက်ခြင်းဟာ တစ်ဖက်သားကို များစွာထိခိုက်နိုင်ပါတယ်။
လူတွေဟာ အထက်လူကြီးကို တွေ့တဲ့အခါ ဒါမှမဟုတ် အခွင့်အရေးရတဲ့အခါ တခြားသူအကြောင်းကို ရည်ရွှယ်ချက်အမျိုးမျိုးဖြင်
တစ်ချို့က ၀ါသနာပါ။ ဒါကြောင့် တစ်ခုခုလူတစ်ဖက်သား အကြောင်းကို ပြောတော့မယ်ဆိုရင် ခဏလေးစဉ်းစားပြီးမှ ပြောသင့်ပါတယ်။ ဒါမှမဟုတ် ဒီလူအမှန်တကယ်မကောင်းလို့ တင်ပြချင်ရင်တောင်မှ အပိုအလိုမရှိပြောသင့်ပါတယ်။
တစ်ချို့လူတွေကတော့ ရည်ရွှယ်ချက်ပျက်စီးလိုစိတ် လုံးဝမရှိပါဘူး။ ဒါပေမဲ့ တခြားသူအကြောင်းကို ပြောနေဆိုနေရတာ အရသာဖြစ်နေပါတယ်။ ဒီလိုလူတွေဟာ ကိုယ့်အကြောင်းအားနည်းချက် ဟာကွက်တွေကို ပြောလေ့ မရှိပါ။
အားလုံးဟာ ''တစ်ပါးသူအကြောင်းပြောတော့
ခင်မောင်အေး(နှလုံး)
ဒီ စာကို အရမ်းနှစ်သက်ပါတယ်။ ဒါကြောင့် တင်မိပါတယ်..
0 comments:
Post a Comment