Japan- East Asia Network of Exchange for Students and Youths

via MCPA News on 11/11/09

အကြောင်းအရာ။ ။ Japan နိုင်ငံသို့ (၁၀) ရက် လေ့လာရေးခရီးစဉ်

- visit institutions and cities
- home-stay, camping, school visit, debates, seminars.

သွားရောက်ရမည့် အချိန် - ၂၀၁၀ခုနှစ် မတ်လ

ဦးရေ (၁၅)ဦး

လျှောက်ထားနိုင်သူများ

(၁) မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း MCPA ၏ အသင်းဝင်ဖြစ်ရမည်။ မည်သည့် member အမျိုးအစား မဆို (Professional member, Associate member, Student member) လျှောက်ထားခွင့်ရှိသည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအထိ အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးသွင်းပြီးသူ Active member များသာ လျှောက်ထားခွင့်ရှိသည်။

(၂) အသက် (၃၅) နှစ်အောက်ဖြစ်ရမည်။ ပညာအရည်အချင်းကန့်သတ်မှုမရှိပါ။

(၃) နိုင်ငံဝန်ထမ်းများ၊ ဂျပန်နိုင်ငံအပါအဝင်ဖွံ့ဖြိုးပြီးနိုင်ငံများမှ ရင်းနှီးမြှပ်နှံမှုပါဝင်သော ကုမ္ပဏီများ၊ အဖွဲ့အစည်း များတွင် လုပ်ကိုင်နေသော ဝန်ထမ်းများလျှောက်ထားခွင့်မရှိပါ။

(၄) ဂျပန်နိုင်ငံသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးသူများသာ လျှောက်ထားနိုင်သည်။

(၆) English Communication ကောင်းမွန်ရမည်။

(၅) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(၇) ၂၀၀၉ နိုဝင်ဘာလ (၃၀) နောက်ဆုံးထားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်းသို့လာရောက် လျှောက်ထား နိုင်ပါသည်။
(လာရောက်လျှောက်ထားချိန်တွင် ဓါတ်ပုံနှစ်ပုံနှင့် အသင်းဝင်ကဒ်ပြား ယူဆောင်လာရန်)

လူတွေ့စစ်ဆေးမည့်အစီအစဉ်အား ထပ်မံကြေငြာပေးပါမည်။ အရွေူးချယ်ခံရသူများအတွက် နိုင်ငံကူးလက်မှတ်ရရှိရေး၊ ဗီဇာလျှောက်ထားရေးတို့အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကူညီဆောင်ရွက်ပေးပါမည်။

0 comments:

Comment here

  © Blogger template Diary by wn-diary.info 2011

Back to TOP