Recycler Virus
Recycler သည် jwgjvsq.vmx လို့အမည်ပေးထားတဲ့ worm-type အမျိုးအစား ဗိုင်းရပ်စ် ဖြစ်ပါတယ်။ အထူးသဖြင့် USB/portable Drives တို့က ကူးစက်သလို Network ကတစ်ဆင့် ပျံ့နှံ့လာတယ်လို့ သိရပါတယ်။ ဖိုင်လ်ဒါနဲ့အတူ autorun.inf ဆိုတဲ့ ဖိုလ်ဒါတစ်ခုကိုလည်း သတိပြုမိပါလိမ့်မယ်။ ၎င်းဖိုလ်ဒါများကို Hidden လုပ်ဖျောက်ထားလို့ ပုံမှန်အားဖြင့် မမြင်ရပါ။ ၎င်း Recycler ဖိုလ်ဒါကိုထပ်ဖွင့်ကြည့်ရင် jwgkvsq.vmx ဆိုတဲ့ ဖိုင်ရှိပါတယ်။ အဲဒီဖိုင်သည် ဗိုင်းရပ်စ်လား၊ ဘယ်လိုကူးစက်အောင်လုပ်ထားတယ်ဆိုတာတော့ ဖိုင်ကိုဆက်ပြီး မဖွင့်ရဲလို့ မသိပါ။ Anti-virus ဆော့ဖ်ဝဲလ် အများစုက ၎င်းကို detect မလုပ်နိုင်သလို ဖျက်လို့လည်း မရပါ။ အနီးဆုံးတူတဲ့ ဗိုင်းရပ်စ်များကို ရှာကြည့်တဲ့အခါ w32/confi, W32/Conficker.worm!inf, Win32/Conficker.B-CA လို့တွေ့ရပါတယ်
အဲဒီလို ဗိုင်းရပ်စ်မျိုးကူးစက်ထားရင်
ဘာပဲဖြစ်စေ ဖြေရှင်းမယ့် နည်းလမ်းများကို ရှာကြည့်ရအောင်။
USB Device မှ ဖယ်ထုတ်ခြင်း
RECYCLER ကိုဖျက်ခြင်း
အထက်ဖေါ်ပြပါအတိုင်း ဆောင်ရွက်ရာမှာ RECYCLER ဖိုလ်ဒါကို ဖျက်မရပါက
Registry တွင်ပြင်ခြင်း
၎င်းဗိုင်းရပ်စ်သည် Refistry မှာဝင်ပြီး ပြင်ကောင်းပြင်နိုင်ပါတယ်။
အဲဒီလို ဗိုင်းရပ်စ်မျိုးကူးစက်ထားရင်
- ကွန်ပျူတာစနစ် နှေးလာပါမယ်
- Network မှာရှိတဲ့ ကွန်ပျူတာများသိုပ ကူးစက်ပါမယ်။ USB များသို့ ကူးစက်ပါမယ်။ USB Port မှာလာတပ်တဲ့ USB Drive, Flash Drives, portable external hard drives, mobile phone, mp3 players စသည်တို့ကိုလည်း ကူးပါလိမ့်မယ်။
- ထိခိုက်မှုအနေနဲ့ “Show Hidden Files and Folders” အလုပ်မလုပ်နိုင်တော့ပါ။ Tools/Folder Options/View (tab) က “Show hidden files and folders” ကိုရွေးချယ်လိုက်ပေမယ့် ပြန်ထွက်တဲ့အခါ “Do Not Show Hidden Files and Folders” ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် ဗိုင်းရပ်စ်ကူးနေပါပြီ။
- ကွန်ပျူတာမှာ USB Drive တပ်လိုက်တာနဲ့ ၎င်းသည် autorun.inf ဖိုင်နဲ့ RECYCLER ဖိုလ်ဒါကို တည်ဆောက်ပါလိမ့်မယ်။ အဲဒီအထဲမှာ jwgkvsq.vmx virus ဖိုင်ပါသွားပါလိမ့်မယ်။
- အဲဒီအချိန်မှာ network နဲ့ အင်တာနက် ချိတ်ဆက်မှုတွေ ပြုတ်ကုန်တာ၊ သုံးမရတာတွေ့ရပါမယ်။ ထို့အတူ antivirus websites, mircrosoft.com စသည်တို့ကို ဆက်သွယ်လို့ မရနိုင်တော့ပါ။
- ကွန်ပျူတာသည် Safe Mode သို့လည်း ၀င်မရတော့ပါ။
- Safe Mode သို့ဝင်ဖို့ ကြိုးစားတိုင်း ကွန်ပျူတာသည် Restart ပြန်ဖြစ်နေပါမယ်။ သို့မဟုတ် ပိတ်သွားပါလိမ့်မယ်။
ဘာပဲဖြစ်စေ ဖြေရှင်းမယ့် နည်းလမ်းများကို ရှာကြည့်ရအောင်။
- Symantac.com ဆိုက်ဒ်ကနေ “Fix Downadup.exe ” ကိုရယူပါ။
- မရရင် BitDefender.com ဆိုက်ဒ်ကနေ anti-Downadup-EN.zip ကိုရယူပါ။
- အသုံးမလိုပေမယ့် Sysinternals ကနေ Process Explorer နဲ့ Autoruns တို့ကို Download ချရယူထားပါ။
- တကယ်လို့ ဖိုင်လ်အချို့ကို ဖျက်မရရင် သုံးရအောင် MoSo Force Delete ကိုလည်း လိုလိုမယ်မယ် ရယူထားပါ။
- လိုအပ်တဲ့ ဆော့ဖ်ဝဲနဲ့ Utility တွေစုမိပြီဆိုရင်
- ကွန်ပျူတာမှာ Network ချိတ်ဆက်မှုရှိရင် ၎င်း Network ကနေ အဆက်ဖြတ်လိုက်ပါ။ Network ကြိုးကို ဖြုတ်ထားပါ။
- FixDownadup.exe ကို run ပါ။ ၎င်းသည် ဗိုင်းရပ်စ်များကို ရှင်းထုတ်နိုင်ပါတယ်။
- အချိန်အတန်ကြာ Scanning လုပ်ပြီးတာနဲ့ Report ပေါ်လာပါမယ်။ ၎င်း Report မှာ W32.Downadup ကိုအောင်မြင်စွာ ဖယ်ထုတ်ပြီးကြောင်း ဖေါ်ပြပါလိမ့်မယ်။ ထို့အတူ ကွန်ပျူတာကို Restart ပြန်လုပ်ဖို့နဲ့ MS08-067 အတွက် Patch ကို တင်ပေးမယ်လို့ ပြပါမယ်။
- ကွန်ပျူတာကို Restart ပြန်လုပ်ပါ။
USB Device မှ ဖယ်ထုတ်ခြင်း
- USB Drive ကနေ jwgkvsq.vmx ဗိုင်းရပ်စ်ကို ဖယ်ထုတ်ကြပါမယ်။
- ကွန်ပျူတာကို Safe Mode နဲ့ဖွင့်ပါ။ ၎င်းအတွက် F8 ကိုနှိပ်ထားပါ။
- ပေါ်လာတဲ့ Menu ကနေ Safe Mode ကိုရွေးချယ်ပါ။
- USB Port မှာ USB Device ကိုတပ်ပါ။ Safe Mode မှာ autorun.inf ဖိုင်မပွင့်ပါ။
- Tools/Folder Options/View(tab) ကနေ “Show Hidden Files and Folders” ကိုဖွင့်ပါ။
- Autorun.inf ဖိုင် သို့မဟုတ် ဖိုလ်ဒါကို Delete လုပ်ဖျက်ပါ။
- RECYCLER ဖိုလ်ဒါကိုလည်း ဖျက်ပါ။
RECYCLER ကိုဖျက်ခြင်း
အထက်ဖေါ်ပြပါအတိုင်း ဆောင်ရွက်ရာမှာ RECYCLER ဖိုလ်ဒါကို ဖျက်မရပါက
- ၎င်းကိုအရင် Disable လုပ်ကြည့်ပါမယ်။ Desktop ပေါ်က Recycle Bin (icon) ကို Right Click နှိပ်ပြီး Properties ကို ရွေးချယ်ပါ။ ၎င်းတွင် “Configure Drives Independently” ကိုရွေးချယ်ပါ။
- ထို့နောက် External Drive ရှိရာသို့ ပြောင်းပြီး “Do not move files to the recycle bin” ကိုရွေးချယ်ပါ။ Apply. OK လုပ်ပါ။
- အကယ်၍ Flash Drive ဖြစ်ပါက MoSo Force Delete ဆော့ဖ်ဝဲကို အသုံးပြုပြီး Delete လုပ်ပါ။
Registry တွင်ပြင်ခြင်း
၎င်းဗိုင်းရပ်စ်သည် Refistry မှာဝင်ပြီး ပြင်ကောင်းပြင်နိုင်ပါတယ်။
- Run (box) မှာ regedit လို့ရိုက်ထည့်ပြီး Registry Editor သို့ဝင်ပါ။
- Jwgkvsq.vmx ဖိုင်အမည်ကို ရှာပါ။
- တွေ့ရင် Right Click လုပ်ပြီး Delete လုပ်ပါ။
- တကယ်လို့ သင့်ကွန်ပျူတာမှာ Network ရှိတယ်ဆိုရင် အခြားဆက်သွယ်ထားတဲ့ ကွန်ပျူတာအားလုံးကိုလည်း စစ်ဆေးသင့်ပါတယ်။ ဒါမှမဟုတ်ရင် သင့်ကွန်ပျူတာကို ဗိုင်းရပ်စ်ပြန်ကူးဖို့ လွယ်ကူနေပါလိမ့်မယ်။
0 comments:
Post a Comment