Guide to ISA Server 2006 (Configuration)

MyanmarTutorials ဆိုဒ်မှ ကို ကျော်စွာ တင်ထားသော ပို့အား တိုက်ရိုက်ကူးယူ ထားပါသည်။

Configuration

အလွယ်ကူဆုံးနဲ့ အမြန်ဆုံးနည်းလမ်းကို အသုံးပြုပြီးတော့ Configuration လုပ်ပါမယ်။ ISA Server ရဲ့  default Firewall Policy rule က all deny ပါ။ အားလုံးကို ပိတ်ထားပါတယ်။ ကိုယ်လိုချင်တာကို ရွေးပြီး ပြန်ဖွင့်ဆိုတဲ့ သဘောမျိုးပါ။ ကျွန်တော်ကတော့ ရှိသမျှအားလုံးကို all allow လုပ်ပါမယ်။

ISA Server ရဲ့ Array node တွေကိုဖွင့်ချလိုက်ပါ။ ပြီးတော့ Networks Node ထဲကိုသွားပါ။ Networks node ရဲ့ ညာဘက်မှာ Templates ဆိုတဲ့ TAB လေးကိုထပ်ရွေးလိုက်ပါ။

Edge Firewall ကို နှိပ်ပါ။

Next ကို နှိပ်ပါ။

Next နှိပ်ပါ။

Next နှိပ်ပါ။

Next နှိပ်ပါ။

Internal Network IP က Install လုပ်ကတည်းက ရွေးပြီးသား ဖြစ်လို့ ဘာမှ ရွေးစရာမလိုတော့ပါဘူး။ Next နှိပ်ပါ။

ကျွန်တော်က အားလုံးကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Allow unrestricted access ကိုရွေးထားပါတယ်။ Next နှိပ်ပါ။

Finish နှိပ်ပါ။

Template Wizard ကိုသုံးပြီးတော့ Firewall policy rule ကိုချပြီးသွားရင်တော့ Firewall Policy Node မှာ သွားကြည့်ရင် ဒီလိုတွေ့ရမှာပါ။

Internal ——-> External ကို Allow လုပ်ထားပြီးတော့ all outbound protocol ကိုရွေးချယ်ထားမှာပါ။ အဲဒီသဘောကတော့ Internal (Client) တွေက External (Internet) ကို (all outbound protocol) သုံးခွင့်ရှိပါပြီ။

Internal(Client) စက်တွေက အင်တာနက်အသုံးပြုလို့ ရရုံဆိုရင် အခု Firewall policy rule နဲ့တင် အဆင်ပြေပါတယ်။ တကယ်လို့ Internal(Client) စက်တွေက Local host(ISA Server) ကို access လုပ်ချင်တယ်ဆိုရင်တော့ အောက်က လိုမျိုး Firewall Policy rule ချပေးရပါမယ်။

Internal ——->Local Host ကို All outbound Protocol ကို Allow လုပ်ပေးရပါမယ်။ ဒီ rule မချထားဘူးဆိုရင် Internal(Clienet) စက်တွေက Local host (ISA Server) စက်ကို Ping လုပ်လို့တောင် မရပါဘူး။

တကယ်လို့ ISA Server တင်ထားတဲ့စက် (Local host) က အင်တာနက် (External) သုံးချင်တယ်ဆိုရင်တော့ အောက်ကလိုမျိုး Firewall Policy rule ချပေးရပါမယ်။

Local host ——->External ကို All outbound protocol (allow) လုပ်ပေးရပါမယ်။

အထူသတိပြုရမှာက ISA Server မှာ တခုခုပြင်လိုက်ပြီးရင် အပေါ်ဘက်နားမှာ Apply ကို နှီပ်ပေးရပါတယ်။

တကယ်လို့ No proxy(Direct Internet) ကိုအသုံးပြုရင်တော့ ဒီ rule တွေချတာနဲ့တင် အင်တာနက် တန်းသုံးလို့ရပါပြီ။ အဲဒါမှ မဟုတ် Parent Proxy (Upstream proxy) သုံးတဲ့သူ ဆိုရင်တော့ Web Chaining rule ချပေးရပါအုံးမယ်။

Web Chaining

Networks Node ကိုရွေးလိုက်ပါ။ အလယ် ညာဘက်အစွန်မှာရှိတဲ့ Web Chaining ကို နှိပ်ပါ။ ညာဘက်မှာရှိတဲ့ Tasks ထဲကနေ Create New Web Chaining Rule ကို နှိပ်ပါ။

Web Chaining Rule Name မှာ ကိုယ်ကြိုက်တဲ့ နာမည်ပေးလို့ ရပါတယ်။ Next နှိပ်ပါ။

Request Processing မှာ redirect requests to specified upstream server ကိုရွေးပြီး Next နှိပ်ပါ။

ကိုယ့် ISP ရဲ့ upstream proxy server ကိုထည့်ပါ။ ဥပမာ MPT ADSL ဆိုရင် 203.81.72.200 ကိုထည့်ပြီး port မှာ 8080 ကိုထည့်ပေးပါ။ ကျွန်တော်ကတော့ MPT IPStar နဲ့ ဥပမာပြတဲ့အတွက် 203.81.64.36 ထည့်ထားပါတယ်။ Next ကိုနှိပ်ပါ။

တကယ်လို့ အပေါ်က ထည့်ထားတဲ့ proxy server က အလုပ်မလုပ်တော့ရင် backup အနေနဲ့ ထည့်ဖို့အတွက်ပေးထားတာပါ။ ကျွန်တော့်ကတော့ ignore requests ကိုရွေးထားပါတယ်။ Next နှိပ်ပါ။

Upstream proxy ကိုအသုံးပြုသူများအတွက် ဒီလောက်ဆိုရင် အင်တာနက်အသုံးပြုလို့ရပါပြီ။

External DHCP

တကယ်လို့ ကိုယ့် WAN IP က ISP ကချပေးတဲ့ DHCP IP ကို အသုံးပြုတယ်ဆိုရင်တော့ system policy rule ကိုပြင်ပေးရပါဦးမယ်။ (Static IP တွေအတွက်တော့ မလိုအပ်ပါဘူး)။ အဲဒီလိုမဟုတ်ရင် စက်ဖွင့်လိုက်ရင် IP က auto ရမှာမဟုတ်ပဲ ISA Firewall က ပိတ်ထားမှာဖြစ်ပါတယ်။ Firewall Policy Node ကိုသွားပါ။ ညာဘက်မှာရှိတဲ့ Edit System Policy ကို နှိပ်ပါ။ DHCP ကိုထပ်ရွေးပြီးတော့ External ကိုထပ်ပေါင်းထည့်ပေးလိုက်ပါ။(default ကတော့ Internal ကိုပေးထားပြီးသားပါ)။

Caching

ISA Server ရဲ့ ကောင်းတဲ့အချက်က ကြည့်ပြီးသား web page တွေကို cache လုပ်ပေးထားနိုင်ပါတယ်။ Cache Node ကိုရွေးလိုက်ပါ။

Define Cache Drives (Enable Caching) ကို နှိပ်ပါ။

Hard disk partition D ကိုရွေးပြီးတော့ cache ကို 5000 M ပေးပြီးတော့ Set ကိုနှိပ်ပါ။ ( cache size ကို ကိုယ့်စိတ်ကြိုက်ထားလို့ရပါတယ်)။ apply and ok. Cache drive ကို သတ်မှတ်ပေးရင် ISA Firewall Services ကို restart လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒီနေရာမှာတော့ လာမေးပါလိမ့်မယ်။ Cache Drive ကိုသတ်မှတ်ပေးပြီးရင်တော့ Cache rule ချပေးဖို့လိုပါလိမ့်မယ်။ Cache rule tab ကိုရွေးလိုက်ပါ။ Tasks ထဲကနေ Create a Cache rule ကို နှိပ်ပါ။ Cache rule name ကိုတော့ စိတ်ကြိုက်ပေးလို့ရပါတယ်။ ဘယ် Network ကို cache လုပ်မှာလဲလို့ လာမေးတဲ့အချိန် destination ကို External ကိုရွေးပေးရမှာပါ။

Next နှိပ်ပါ။

Next နှိပ်ပါ။

ပုံမှာပြထားတဲ့အတိုင်း ထည့်ပြီး Next နှိပ်ပါ။

Next နှိပ်ပါ။ (FTP ကမြန်မာပြည်မှာ ဖွင့်ထားလားမသိပါဘူး :D ftp caching တော့ ဖွင့်ထားလိုက်ပြီ။)

0 comments:

Comment here

  © Blogger template Diary by wn-diary.info 2011

Back to TOP