Hd guard
ပြည်က အစ်ကိုတစ်ယောက် HD Guard configure လုပ်ပုံနဲ့ Full version လေး လုပ်ပါအုံးဆိုတာနဲ့ ဒီကနေပဲ တစ်ဆင့် share လိုက်တယ်ဗျာ

- HD GUARD ဆိုတာ လက်ရှိ Windows နှင့် Software Setting များကို Default အဖြစ်မှတ်ထားပေးသော Software ပါ Restart ပေးလိုက်ရင် မှတ်ထားတဲ့ default settings အတိုင်း ပြန်ရောက်သွားမှာပါ။
HD Guard အုပ်ထားတဲ့ partation အပိုင်း မှာ data မထားခဲ့ဖို့တော့ သတိထားရပါတယ်
တကယ်လို့ Save မိရင်တော့ Recover တောင်ပြန်မရနိုင်ပါဘူးဗျာ သာဓု သုံးကြိမ်ခေါ် အမျှပေးရမှာပါ :D အဲ လွဲကုန်ပြီ။
တစ်ခုတော့ သတိပေးပါရစေ စက်က Model အောက်ပြီး Windows အတက်ကြာပါက လုံးဝမတင်နဲ့ဗျာ တော်တော် စိတ်ပျက်သွားလိမ့်မယ်။

Software တင်နည်း
1. Software မတင်ခင် c ထဲကို Hdguard.ser File ကို copy ကူးထည့်လိုက်ပါ.
2. နောက် Software တင်ပါ.
3. Software တင်ပြီးပါက Restart ကျလာလိမ့်မယ်
နောက်စက်ပြန်တက်လာပါက Licensing ထည့်ရမယ့် အဆင့်ကိုရောက်လာလိမ့်မည်.
4. Licensing အဆင့်ရောက်ရင် Licensing အောက်က Licensing Key အကွက်နားက မှန်ဘီလူးပုံလေးကို click လုပ်ပေးပါ.(သူ့ဘာသာသူ license key ရှာထည့်ပေးပါတယ်)
5. ပြီးရင် ကိုယ်ကြိုက်တဲ့ Password တစ်ခု ထည့်ပေး
6.ထို့နောက် HDguard Swap File ကို C မှာရွေးပေးပါ.
(harddisk size ၏ ထက်ဝက်ကျော်လောက် နေရာပေးပါ)
တကယ်လို့ Software တင်ချင်, Fonts ထည့်ချင်, Default Settings ပြောင်းချင်ရင်
HDguard ကို Right Click ထောက်ပြီး Setting ကိုနှိပ်ပါနောက် password ကိုရိုက်ထည့်ပြီး Deactivate လုပ်ပေးပါ.Restart ကျသွားပါလိမ့်မယ်
ပြန်တက်လာသောအခါ Hdguard ပိတ်နေမယ် ဒီအချိန်မှာ လုပ်ချင်သည့် သွင်းချင်သည့် sotware များကိုသွင်းထားပါ.
ပြီးသွားပါက Activate ပြန်လုပ်ပေးပါ.Default Settings အဖြစ်မှတ်ထားပြီး HDguard အလုပ်လုပ်ပေးပါလိမ့်မယ်
( Virus တက်ရင်ဖြစ်ဖြစ်, ဆော့ဝဲError တက်ရင်ဖြစ်ဖြစ် restart ပေးလိုက်ပါက
၎င်းမှတ်ထားသည့် Default Settings ကိုပြန်ခေါ်မည်ဖြစ်ပါသည် )
Download
Ref : Mysteryzillion
ဒိုင်ယာရီ
0 comments:
Post a Comment