Running Squid Proxy Server on Linux(Ubuntu)



Linux ကို အသုံးများတာကတော့ server အဖြစ်အသုံးပြုတာ များကျပါတယ် ။
ဆာဗာများအနက်မှ Proxy Server အနေနဲ့ အသုံးများတာကတော့ open source ဖြစ်တဲ့ squid ကိုအသုံးများကျပါတယ်။

squid proxy ရဲ့အဓိက လုပ်ဆောင်ချက်ကတော့ web နဲ့ပက်သက်တဲ့ HTTP, HTTPS, FTP စသည်တို့ကို cache proxy အဖြစ် အဓိကလုပ်ဆောင်ပေးပါတယ်။
cache ရဲ့သဘောကလဲ သူက ယာယီသိုလှောင်ပေးတဲ့သဘောပေါ့ ။ ကျွန်တော်တို့ website တစ်ခုကို တစ်ကြိမ်ဖွင့်လိုက်ပြီးရင် နောက်တစ်ကြိမ်ထပ်ဖွင့်လျှင်
အလွန်လျင်မြန်စွာ webpage တွေပွင့်အောင် ဒီ squid proxy လေးက စွမ်းဆောင်ပေးပါတယ်။ သူကပထမတစ်ကြိမ်ဖွင့်ထားတာတွေကို ယာယီအားဖြင့် သိမ်းဆည်းထားသလို
ဆောင်ရွက်ပေးတာပါ။ လူတစ်ယောက် ဖိုင်တစ်ခုကို ဒေါင်းလုပ်ချလို့ တစ်နာရီကြာလျှင် အဲ့ဖိုင်ကိုပဲ နောက်တစ်ယောက်က ဒေါင်းလုပ်ချင်ရင် နာရီဝက်လောက်နဲ့ ပြီးရင်ပြီးပါတယ်။
အဲ့အတွက် အင်တာနက်ကဖေးအတွက်တော့ အထူးသင့်လျှော်ပါတယ် ။ ဒီ open source ဖြစ်တဲ့ squid proxy လေးဟာ အင်တာနက်ကဖေးတွင်သာမက ISP တွေများ
အသုံးပြုကျပါတယ် ။ သူက cache အတွက်သာမက ACL(Access Control List) ဖြစ်တဲ့ allow & deny တွေကို လုပ်ဆောင်နိုင်ပါတယ် ။
ဒါ့အပြင်သူ့ကို web proxy အဖြစ်ဆောင်ရွက်နိုင်ပါတယ် ။ အဲ့အတွက် ဆိုက်တွေကို ဘန်းချင်တာ ဘာညာတွေကို ဒီကောင်လေးက စွမ်းဆောင်နိုင်ပါတယ် ။
အဲ့လောက်အသုံးဝင်တဲ့ squid proxy လေးကို ကျွန်တော်တို့စမ်းသုံးကြည့်ရအောင်လား ။
ဒီလောက်အသုံးဝင်တာဆိုတော့ ခက်သလားဆိုတော့ ဘာမှကို မခက်တာပါ။
အရမ်းလွယ်ကူလွန်းပါတယ် ။ squid proxy အတွက် သူက Linux ရော ၊ ၀င်းဒိုးအတွက်ပါ သုံးလို့ရပါတယ် ။
ဒီနေရာမှာတော့ ကျနော် Linux(Ubunutu) အတွက်ပဲ ရှင်းပြလိုက်ပါတယ်။
အရင်ဆုံး Linux(Ubuntu) မှာ squid proxy ကိုအင်စတောဖို့အတွက် အောက်ကကွန်မန်းလေးနဲ့အင်စတောလိုက်ပါ ။
sudo apt-get install squid
အင်စတောပြီးရင် စသုံးလို့ရနေပါပြီး ။ squid proxy အတွက် အဓိကက သူ့ကို confgure လုပ်နိုင်ဖို့ပါပဲ ။
သူ့ကို configure လုပ်ဖို့ အတွက် squid.conf ကို ပေးရမှာဖြစ်ပါတယ် ။
squid.conf ကိုပြင်ရမယ်ဆိုတော့ အရင်ဆုံး အဲ့ဒီ squid.conf ကို ဘက်ကပ်လုပ်ထားလိုက်ပါမယ် ။သူက အသက်ပဲလေ ။ဆိုတော့ copy ကွန်မန်းလေးက
sudo cp /etc/squid/squid.conf /etc/squid/orignal.squid.conf
ပြီးရင် squid.conf ဖိုင်လေးကို ဖွင့်လိုက်ပါ ။
sudo gedit /ect/squid/squid.conf
မိမိစိတ်ကြိုက် configure လုပ်နိုင်ပါတယ် ။
pxoy port ကို ပြောင်းချင်ရင် http_port ကိုလိုက်ရှာပြီးပြောင်းနိုင်ပါတယ် ။ သူ့ရဲ့ default port က http_port 3128 ပါ။ အများဆုံးအခုသုံးကျတာက port 80 ပါ ။
http_port 80 ဆိုပြီးပြောင်းပေါ့ ။
cache_mem 8M ဒါက default ။ cache memory ပါ ။ မိမိ RAM အခြေအနေကြည့်ပြီး ပြောင်းနိုင်ပါတယ် ။
RAM 1 G လောက်ဆိုတယ်ဆိုရင်တော့ cache_mem 128M လောက်ထားနိုင်ပါတယ်။
cache_dir ufs /var/spool/squid 100 16 256 ဒါကသူ့မှာပါတဲ့ default cache directory ပါ။
100 က 100MB နေရာယူထားတာဖြစ်ပြီး ၊ 16 folder and 256 sub-folder များဖြစ်ကျပါတယ်။
အဲ့လောက်နဲ့တင် မိမိကွန်ပျူတာမှာ squid proxy ရမ်းလို့ရနေပါပြီး။
ကျန်တဲ့အသေးစိတ် configuration တွေကို ကျနော် pdf ဖိုင်နဲ့တင်ထားပေးလိုက်ပါ့မယ် ။
Download
http://ifile.it/pumwsgo
Restart squid by typing: /etc/init.d/squid restart
Stop the service by typing /etc/init.d/squid stop
ပြီးရင် squid -z ကွန်မန်းလေးကို ထည့်လိုက်ပါ။cache ကို create လုပ်မှာမို့ထည့်လိုက်တာပါ။
ပြီးတာနဲ့ save ပြီး start ပေးလိုက်ပါ ။
/etc/init.d/squid start
မိမိစက်မှာ squid proxy ရမ်းမရမ်း သိရအောင် မိမိ browser ရဲ့ Network setting မှာ Host:localhost ၊ Port – 80 ထည့်လိုက်ပါ။
port 80 ဆိုတာက စောစောက မိမိဖန်တီးလိုက်တဲ့ http_port မှာထည့်ထားတဲ့ port ကိုထည့်ရမှာဖြစ်ပါတယ် ။
firefox သမားများအတွက် Click Network>Settings and then Manual Proxy Configuration.
For http proxy, enter localhost and for port 80 (မိမိရွေးထားသော port )
ပြီးပါက မိမိကြည့်လိုသော website ကိုဖွင့်ကြည့်ပေးပါ ။ ဒါဆို အောင်မြင်စွာတည်ဆောက်နိုင်လို့ထင်ပါတယ်။

post by- ရာမညဖိုးလပြည့်

Ref : http://u4mm.com/2009/11/11/running-squid-proxy-server-on-linuxubuntu/




0 comments:

Comment here

  © Blogger template Diary by wn-diary.info 2011

Back to TOP