Be aware of Facebook Survey Scam : "How to see who viewed your profile!!"

Facebook သုံးနေရင်း ကိုယ့်ဆီကို ဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းတွေရဲ့ Wall ပေါ်မှာဖြစ်ဖြစ် "How to see who viewed your profile" ဆိုတဲ့ Event invitation တွေ့ရင် သွားမနှိပ်မိပါစေနဲ့။ ကျွန်တော့်ဆီကို ဒီတစ်ရက်နှစ်ရက်အတွင်း ခဏခဏရောက်တယ်။ ဒါပေမဲ့ Firefox မှာ install လုပ်ထားတဲ့ WOT security extension ကနေ အနီပြနေတဲ့အတွက် သွားမနှိပ်တော့ဘူး။ အဲဒါ spamware တစ်ခုဖြစ်ပါတယ်။ ယောင်ပြီး နှိပ်မိရင်တော့ မိမိကို စိတ်အနှောက်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။

example

Spamware ရဲ့ ပုံစံက Facebook Wall မှာ အခုလိုပေါ်နေမှာဖြစ်ပါတယ်။

Mark As Spam


Facebook Wall မှာ အထက်ပါပုံစံလိုမျိုးတွေ့ခဲ့ရင် အဲဒီ post ပေါ်မှာ Mouse Rollover လုပ်ပြီး x ကိုနှိပ်ပါ။ ပြီးရင် Mark as spam ကို ရွေးပေးလိုက်ပါ။ ဒါမှ နောက်လူတွေလည်း မထိတော့မှာလေ။


How to Clean

တကယ်လို့ နှိပ်မိပြီး မိမိစက်ထဲကို spamware ရောက်နေပြီလို့ ခံစားနေရရင်တော့။ Malwarebytes Anti-Malware ကိုသုံးပြီး စက်ကို scan လုပ်ပေးလိုက်ပါ။ ဒါမှမဟုတ် အောက်ပါ Video မှာ ပြထားတဲ့အတိုင်း Privacy setting တွေကို ဝင်ပြင်လိုက်ပါ။




Ref : http://cmsmdy.blogspot.com

0 comments:

Comment here

  © Blogger template Diary by wn-diary.info 2011

Back to TOP