Windows 7 Remote Assistance

Windows 7 မှာ အသင့်ပါလာတဲ့ Remote Assistance ဟာ အင်တာနက်ကနေ ကိုယ့်သူငယ်ချင်းရဲ့ ကွန်ပျူတာကို လှမ်းကြည့်နိုင်ဖို့၊ ထိန်းချုပ်နိုင်ဖို့ ပြုလုပ်နိုင်ပါတယ်။ သူ့ကွန်ပျူတာရဲ့ ပြဿနာကို လူကိုယ်တိုင်သွား ဖြေရှင်းစရာမလိုဘဲ အွန်လိုင်းကနေ အကူအညီပေးနိုင်သွားပါပြီ။ Remote Assistance ကို မသုံးဘဲ Team Viewer ကို install လုပ်ပြီးလဲ အသုံးပြုနိုင်ပါတယ်။ Remote Assistance ကတော့ Windows ထဲ တခါတည်း ပါပြီးသားမို့ ပိုပြီး အဆင်ပြေနိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ အဲဒီ Remote Assistance ကို အသုံးပြုနည်းလေးကို တင်ပြထားပါတယ်။

Remote Assistance ကို ဖွင့်ဖို့အတွက် Start Menu Search box ထဲမှာ remote assistance လို့ ရိုက်ထည့်ပြီး ဖွင့်နိုင်ပါတယ်။ ဖွင့်လိုက်တဲ့အချိန်မှာတော့ အခုလို dialog box တစ်ခု ပေါ်လာပါလိမ့်မယ်။

RA1












ကိုယ့်ကွန်ပျူတာကို ထိန်းချုပ်ခံချင်ရင်တော့ Invite Someone you trust to help you ကို နှိပ်ပါ။ ကိုယ်က တခြားကွန်ပျူတာကို ထိန်းချုပ်မယ်ဆိုရင်တော့ Help Someone who has invited you ကို ရွေးပါ။ အခုတော့ Invite Someone you trust to help you ကို ရွေးချယ်လိုက်ပါတယ်။ အဲဒီအခါမှာ အခုလို dialog box တစ်ခု ထပ်ပေါ်လာပါတယ်။

Save this invitation as a file ကို ရွေးချယ်လိုက်ပါ။ အဲဒီအခါ invitation ဖိုင်ကို သိမ်းမယ့်နေရာ ရွေးခိုင်းပါလိမ့်မယ်။ သိမ်းမယ့်နေရာကို ရွေးချယ်ပြီး Save လုပ်လိုက်ပါ။ အဲဒီအခါမှာ နောက်ထပ် dialog box တစ်ခုနဲ့ password တစ်ခု ပေါ်လာပါလိမ့်ဦးမယ်။ အစောက သိမ်းလိုက်တဲ့ invitation ဖိုင်နဲ့ password ကို ကိုယ့်ကို ကူညီမယ့်သူဆီ ပို့ရမှာ ဖြစ်ပါတယ်။ အီးမေးလ်နဲ့ attach လုပ်ပြီး ပို့လိုက်ပါ။ Password လေး ပေါ်နေတဲ့ dialog box ကို မပိတ်ဘဲ ထားပါ။

RA3


ဒီအဆင့်ထိဆိုရင် ထိန်းချုပ်ခံရမယ့် ကွန်ပျူတာဘက်က လုပ်ဆောင်မှု ပြီးဆုံးသွားပါပြီ။

ထိန်းချုပ်မယ့် ကွန်ပျူတာမှာတော့ Remote Assistance ကို ဖွင့်ပြီး Help Someone who has invited you ကို ရွေးပေးလိုက်ပါ။ နောက်ထပ် box တစ်ခုပေါ်လာရင် Use an invitatin file ကို ရွေးပါ။ အဲဒီအခါမှာ invitation file ကို ရွေးခိုင်းပါလိမ့်မယ်။ ကိုယ့်ဆီပို့ထားတဲ့ invitatiion file ကို ရွေးပေးပါ။ password တောင်းရင် password ပါ ဖြည့်ပေးလိုက်ပါ။ ဒါဆိုရင် Remote Controlling ပြုလုပ်နိုင်ပါပြီ။


Ref : http://www.myanmaritmen.org/section-blog/37-windows/426-windows-7-remote-assistance

0 comments:

Comment here

  © Blogger template Diary by wn-diary.info 2011

Back to TOP