ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လို တည်ထောင်ကြမလဲ?

ကျွန်တော် ဒီနှစ်ပိုင်းတွေမှာ ကိုယ်ပိုင် လုပ်ငန်းလေး တစ်ခု တည်ထောင်နိုင်ဖို့ ကြိုးစားနေပါတယ်။အဲ့အချိန်မှာ Myanmar Tutorials က ကို ရဲ့ဒီပို့လေးကို ဖတ်မိတော့ အရမ်းသဘောကျသွားမိပါတယ်။
အဲ့က မေးခွန်းလေးတွေကို ကိုယ်တိုင်လဲ ဖြေကြည့်မိပါတယ်။ကျွန်တော့် မိတ်ဆွေတွေ ကိုသတိရသွားတာနဲ့ ဒီပို့လေး တင်ဖြစ်သွားတာပါ။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စပြီး တည်ထောင်တော့မယ့် ကျွန်တော့်မိတ်ဆွေ တွေလဲ ဒီမေးခွန်းလေးတွေ ဖြေကြည့်ပါအုံး။



မေးခွန်း – ၁။ ဘာကြောင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ချင်တာလဲ ?

မေးခွန်း-၂။ သင့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ အောင်မြင်ဖို့ အဓိက သော့ချက်ဖြစ်တဲ့ ဘယ်လို အရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ သင့် မှာရှိလဲ?

မေးခွန်း-၃။ သင့်မှာ တာဝန်ခံနိုင်စွမ်းရှိလား? တာဝန်ယူနိုင်စွမ်းကောရှိလား?

မေးခွန်း-၄။ သင်ဟာ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းရဲ့လား? သင်စကားပြောတဲ့ အချိန်မှာ တစ်ဖက်သား
နားလည်လွယ်အောင်ပြောတတ်သလား? တဖက်သားကသင့်ကိုပြောတာကိုရော ကောင်းကောင်းနားထောင်နိုင်
စွမ်းရှိရဲ့လား?

မေးခွန်း-၅။ သင့်ရဲ့ ငွေးကြေးဆိုင်ရာကိစ္စတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေကရော တည်တည် ငြိမ်ငြိမ် ရှိရဲ့လား?

မေးခွန်း-၆ ။ သင့်မှာ အကောင်းမြင်စိတ်ရော ရှိလား?

မေးခွန်း-၇ ။ သင့်မှာ အောင်မြင်လိုတဲ့စိတ် ထက်ထက်သန်သန်ရှိရဲ့လား?

မေးခွန်း -၈။ သင်ဟာအလုပ်ကြိုးစားသူတစ်ယောက်လား?

မေးခွန်း -၉။ သင့်မှာ ပြသနာတွေကို ဖြေရှင်းနိုင်တဲ့ အရည်အသွေးရှိပါသလား? ပြသနာ တွေကိုဖြေရှင်းရတာကို
ပျာ်ရွှင်ပါသလား?

မေးခွန်း-၁၀။ သင်ဟာ မှီခိုတတ်သူတစ်ယောက်လား?

မေးခွန်း-၁၁။ ဆုံးဖြတ်ချက်တစ်ခုခုကို ချဖို့ စိုးရိမ်နေတတ်သလား?

ဒီမေးခွန်းတွေအားလုံးကို ဖြေကြည့်ပြီးပြီဆိုရင်တော့ မိမိကိုယ်ကို တစိတ် တပိုင်းလောက်တော့ ပြန်မြင်နေမယ် လို့ ထင်ပါတယ်။မူလတင်ထားတဲ့ (လင့် )ကိုလဲ သွားဖတ်နိုင်ပါတယ်။

Ref : Myanmar Tutorials

0 comments:

Comment here

  © Blogger template Diary by wn-diary.info 2011

Back to TOP