How to Use HJSplit

ကျွန်တော်တို့ Movie တွေ ဖိုင်ဆိုဒ်ကြီးတဲ့ ဖိုင်တွေ အင်တာနက်ပေါ်ကို Share ပေးဖို့ တင်တဲ့အခါ ဖိုင်ဆိုဒ်အရမ်း
ကြီးနေရင် တင်ဖို့ အခက်ဖြစ်ရပါတယ်။ဒါကြောင့် Winrar လိုဆော့ဝဲမျိုးတွေအသုံးပြု ပြီး ဖိုင်ဆိုဒ်တွေ ကို
ချုံ့ရပါတယ်။အခု ဒီဆော့ဝဲလေးကလဲ အဲ့လိုမျိုးပါပဲ ဖိုင်ဆိုဒ် အရမ်းကြီးတဲ့ အခါမျိုးတွေ မှာ ဖိုင်တွေကို ခွဲထုတ်ပြီး ပြန်ဆက်ဖို့အတွက် အသုံးပြုဖို့ အတော်လေး အဆင်ပြေပါတယ်။
ကျွန်တော် MyanmarFamily မှာ ဒီပို့လေးကို တွေ့တာနဲ့ ကျွန်တော့် မိတ်ဆွေတွေ အတွက် တဆင့် ပြန် Share ပေးလိုက်ပါတယ်။HJSplit ဆော့ဝဲကို အသုံးပြုပြီး ခွဲထားတဲ့ ဖိုင်တွေကို ပြန်ဆက် ပုံကို သေချာ ရှင်းပြ
ထားတာပါ။

movie ဒေါင်းလို့ရတဲ့ ဖိုင်တွေနောက်က extension မှာ .000 .001 လို number တွေနဲ့ဆုံးရင် HJSplit နဲ့ခွဲထားတာဖြစ်ဖို့ များပါတယ် ... ။ အောက်မှာ ဒေါင်းထားတဲ့ဖိုင်တွေပါ ။


HJSplit ကိုဖွင့်ပါတယ် ... ။ ပြီးရင် Join ကို Click လုပ်ပါတယ် ... ။


နောက်တစ်ဆင့်မှာ Input File ဆိုတာကို Click လုပ်ပြီး Select The First Input File ဆိုတဲ့ Box ပေါ်လာရင် ခုန ဖိုင်တွေရှိနေတဲ့ Folder ကိုရှာ .. ပြီးရင် join လုပ်မယ့် ပထမဆုံးဖိုင်ကို ရွေးပါ။



ဒီမှာ သိထားရမှာက နံပါတ်အစဉ်အတိုင်း ရှိတဲ့ ဒေါင်းထားတဲ့ဖိုင်အားလုံးမပေါ်ပဲ နံပါတ်ပထမဆုံး
ဖိုင်တွေ (e.g. 000 001 ) တို့ပဲပေါ်နေမယ်ဆိုတာပါ ။
အဲဒီပေါ်နေတဲ့ ဖိုင်တစ်ခုကို select လုပ်ပြီး open လုပ်ပေးပါ အောက်ကပုံမှာ ဒေါင်းလို့ထားတဲ့
ဖိုင်အားလုံးမပေါ်ပဲ sn.avi.001 ဆိုတဲ့ ပထမဆုံးဖိုင်လေးပဲ ပေါ်နေတာ တွေ့မှာပါ။




Open လုပ်ပြီးတာနဲ့ Output ထွက်လာမယ့်ဖိုင်နေရာကို စိတ်ကြိုက်ရွေးပေးပါ၊
နောက်ဆုံးအဆင့်မှာတော့ Stat ကို Click လုပ်ရင် ဒေါင်းထားတဲ့ ဖိုင် တွေအားလုံးကို Program က auto ဆက်ပေးသွားမှာ ဖြစ်ပါတယ် ၊ ပြီးသွားရင် Output လို့ပေးထားတဲ့ နေရာမှာ ဖိုင်လေးရောက်နေတာကိုတွေ့ရပါမယ် ... ။




Download Links က ကို naingkoko တင်ပေးထားတဲ့ လင့်ကိုပဲ ပြန်တင်ပေးလိုက်ပါတယ်။



Ref : MyanmarFamily

0 comments:

Comment here

  © Blogger template Diary by wn-diary.info 2011

Back to TOP