Compare SATA & PATA(EIDE Drive) Cable

ခင်ဗျားတို့ ဂျပိုး ကို လိပ်ဖြစ်အောင် ပြောတတ်ပါသလား။(ဘာမှလဲ မဆိုင်ဘူး :D ) ဒါပေမယ့် ပြောတတ်သူတွေ ပြောတတ်ပါတယ်။ IDE ဟာ ဘယ်လို ကောင်းကြောင်း SATA ဟာ ဘယ်လောက် သုံးရတာမကောင်းကြောင်းကို ပေါ့။လက်ခံတဲ့ သူတွေကလဲ လက်ခံတယ်ဗျာ။
သူတော့ ဘယ်လို နှိုင်းယှဉ်လိုက်လဲမသိဘူး။ ကိုယ်ထင်ရင် ကုတင်ရွှေနန်း ဆိုတဲ့ မြန်မာ စကားပုံလိုပေါ့ဗျာ။ ကျွန်တော် ဒီပို့ လေးကို မြင်တော့ သူ့ကိုသွားသတိရတာနဲ့ ကျွန်တော့်မိတ်ဆွေ တွေလဲ အဲ့လို မဖြစ်ရအောင်
တဆင့် Share ပေးလိုက်ပါတယ်။ မှန်ကန်သော အယူအဆ များ ဖြင့် ဝေဖန်ပိုင်းခြား သိမြင်နိုင်ကြပါစေ...

SATA ဆိုတာဘာလဲ

Serial Advanced Technology Attachment ဖြစ်ပါတယ်..နောက်ဆုံးပေါ် လက်ရှိအသုံးပြုနေကြတဲ့ နည်းပညာဖြစ်ပါတယ် သူကလည်း ATA အုပ်စုဝင်တွေ ဖြစ်ပါတယ်..transfer rate မြန်ဆန်ခြင်း..wire ကို 7 Pin သာသုံးထားခြင်းကြောင့် air flow ကောင်းမွန်ခြင်း system unit အတွင်း ရှုပ်ထွေးမှုကို ကင်းဝေးစေခြင်းတို့ အားသာပါတယ်…hard disk တစ်လုံးပဲချိတ်ဆက်လို့ ရတဲ့အတွက် point to point system ဖြစ်ပါတယ်…2002 နှစ်ကုန်ပိုင်းမှာ စပြီးအသုံးပြုခဲ့ကြပါတယ်..စက်ကို shut down လုပ်စရာမလိုပဲ ဖြုတ်တပ်လုပ်နိုင်ပါတယ်..hot swap ရတယ်ပေါ့ ဗျာ..
SATA ကြိုးကို လေ့လာကြည့်မယ်ဆိုရင် connector ခေါင်း က L shape ပုံသဏ္ဍန် ရှိပါတယ်..SATA port ကို မှားထိုးစရာအကြောင်းမရှိပါဘူး..SATA ရဲ့ စနစ်မှာ jumper မလိုပါဘူး..SATA data transfer rate က သုံးမျိုးရှိပါတယ် …
SATA 1.5 Gbps
SATA ll 3 Gbps
SATA lll 6 Gbps တို့ဖြစ်ပါတယ် ။
မိမိစက်က Hard disk က SATA လား..SATA I လား SATA II လား SATA III လားဆိုတာ speccy software နဲ့ ကြည့်နိုင်ပါတယ်…

SATA နဲ့ PATA ဘာကွာလဲ



SATA
1.Point to point system ဖြစ်ပါတယ်..(ဒါကြောင့် Hard disk or CD ROM တစ်လုံးပဲတပ်လို့ ရပါတယ်)
2.Hot swap ရပါတယ်..ကွန်ပျူတာကို shut down လုပ်စရာမလိုဘူး..
3.Pin က 7 wire ပဲသုံးထားတယ်..
4.Air flow ကောင်းမွန်ပါတယ်..
5. Transfer rate သုံးမျိုး ရှိပါတယ်..(အထက်တွင်ဖော်ပြပြီး)
6.System unit အတွင်းကြိုးတွေရှုပ်ထွေးမှုမရှိပဲရှင်းရှင်းလင်းလင်း ဖြစ်စေတယ်..
7.jumper ချိုးစရာမလိုခြင်း..

PATA(EIDE Drive)

1.EIDE connector မှာ connector သုံးခုပါရှိတယ်..motherboard ကို connector တစ်ခုသွားပြီး ကျန်နဲ့  master နဲ့  slave မှာ drive နှစ်လုံးတပ်ဆင်နိုင်တယ်..
2.Hot swap မရဘူး..ကွန်ပျူတာကို စက်ပိတ်ပြီးမှ လုပ်ဆောင်နိုင်တယ်..
3.Pin က 40pin 80 wire သုံးထားတယ်…
4.40 pin 80 wire သုံးထားတဲ့အတွက်ကြောင့် Airflow အားနည်းပါတယ်..
5.Transfer rate က အမြင့်ဆုံး 133Mbps ရှိပါတယ်
6.IDE cable ကြိုးပြားကြီးပါတယ်..
7.Master /slave ခွဲပေးရပါတယ်..

Ref : www.myanmarfamily.org မှ ကိုစံငြိမ်း၏ Computer Hardware Advanced မှ ပို့အား တဆင့် ပြန်လည် ဖော်ပြပါသည်။

0 comments:

Comment here

  © Blogger template Diary by wn-diary.info 2011

Back to TOP