Free iTunes
အကယ်၍ သင့်အနေဖြင့် Apple မှ ထုတ်လုပ်ထားသော ပစ္စည်းကိရိယာများကို ကြိုက်နှစ်သက်ပြီး ဝယ်ယူသုံးစွဲနေသူတစ်ဦး ဆိုရင်တော့ iTunes ကိုမသိပဲနေမှာမဟုတ်ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ အနေနဲ့ ထို iTunes မှ သီချင်းတွေကို အခကြေးငွေတစ်ပြားမှ ပေးစရာမလိုပဲ နားထောင်ချင်ကြတာပါပဲ။ အထူးသဖြင့် အလကားလည်းဖြစ်ပြီး တရားဝင်တဲ့ သီချင်းတွေကို မူပိုင်ခွင့် ကိစ္စတစ်စုံတစ်ရာနဲ့မှ မညိပဲ နားထောင်ချင်တာပါပဲ။ ကဲ ကျွန်တော်တို့ iTunes ကနေ သီချင်းတွေကို ဘယ်လို အလကားရယူကြမလဲလို့ကြည့်ရအောင်။
iTunes ပေါ်မှ အခမဲ့အရာများ
တစ်ကယ်တော့ iTunes ပေါ်မှာ အခမဲ့ Download ရယူနိုင်တဲ့ Free Downloads တစ်ရပ်ဟာရှိပြီးသားဖြစ်ပါတယ်။ iTunes ပေါ်မှာရှိတဲ့ အခမဲ့အရာများ (Free On iTunes) ကိုအသုံးပြုချင်တယ်ဆိုရင်တော့ iTunes ၏ ဘယ်ဘက်ထောင့်တွင်ရှိသော iTunes Store ကိုနှိပ်လိုက်ပါ။
iTunes Store ရဲ့Home Page ကိုရောက်သွားပြီဆိုရင်တော့ ညာဖက်ထောင့်မှာရှိတဲ့ Links တွေကိုကြည့်ပြီး Free On iTunes ကိုနှိပ်လိုက်ပါတော့။ အဲလိုနှိပ်ပြီးသွားပြီဆိုရင်တော့ ကျလာမယ့် Page ထဲမှာ အလကားရယူနိုင်မယ့် သီချင်းတွေ၊ ရုပ်ရှင်တိုတွေ၊ ဂိမ်းတွေ၊ application တွေကို တစ်ဝကြီး မြင်တွေ့သွားရမှာဖြစ်ပါတယ်။
Download လုပ်သွားဖို့အတွက်ကတော့ လွယ်ကူပါတယ်။ အဲဒိ Page ထဲက Free ဆိုတဲ့ button ကိုနှိပ်ပြီး Download ယူသွားရုံပါပဲ။ ဒါပေမယ့် တစ်ခုသတိထားရမယ့်အချက်ကတော့ အဲလို Free Download လုပ်မယ်ဆိုရင် လုပ်မယ့်လူအနေနဲ့ iTunes အကောင့်တစ်ခုတော့ ရှိဖို့လိုပါလိမ့်မယ်။ ပြောရရင်တော့ iTunes မှာ Register လုပ်ထားရမှာပါ။
နောက်ဆုံးအနေနဲ့ပြောရရင်တော့ iTunes မှ တဆင့် download လုပ်မယ်ဆိုရင်တော့ ကွန်နက်ရှင်အနေအထားအပြင် iTunes ရဲ့ နှေးကွေးတဲ့ ကွန်နက်ရှင်ရယူမှု အားနည်းချက်တွေ ကိုတော့ သတိပြုရမှာဖြစ်ပြီး သိထားသင့်တဲ့အချက်ကတော့ Apple ဟာ ၎င်းရဲ့ Free Download Page မှာ အလကားရယူနိုင်တဲ့အရာများကို update လုပ်တာ တစ်ပတ်လောက် ကြာတာပါပဲ။ သို့အတွက်ကြောင့် ထို update တွေကိုသိဖို့ Free iTunes Download Blog ကို အမြဲတစေဝင်ကြည့်ဖို့တော့လိုမယ်ဆိုတာကို ဖော်ပြလိုက်ရပါတယ်။
Ref : http://www.myanmarict.com မှ တဆင့်ပြန်လည်ဖော်ပြသည်။
0 comments:
Post a Comment