Using Myanmar NLP Unicode Utilities
Myanmar NLP အဖွဲ့က ထုတ်ဝေထားတဲ့ Unicode Utilities တွေဟာ အစွမ်းထက်သထက် ထက်လာတာကို ၀မ်းသာအားရနဲ့ ကြိုဆိုမိပါတယ်။ အရင်တုန်းက တခြား Font နဲ့ ရိုက်ထားတဲ့ စာတွေကို Unicode သို့ Convert လုပ်နိုင်ရုံအဆင့်ပဲ ရှိပေမဲ့ အခုတော့ Searching,Word Break, Phrase Break တွေပါ ရလာပါပြီ။ အဲဒီ Utitities တွေကို Microsoft Word 2007 နဲ့ ဘယ်လိုတွဲပြီး အသုံးပြုရမလည်းဆိုတာလေးကို ရေးသား တင်ပြလိုက်ပါတယ်။
http://www.myanmarnlp.org.mm/sites/default/files/MyanSanKeyboard.zip
မြန်စံကို Install လုပ်ပြီးရင်တော့ Microsoft Word 2007 မှာ မြန်မာစာတွေကို ရှာဖွေခြင်း၊ ပုဒ်ဖြတ်ခြင်းတွေ ပြုလုပ်နိုင်ဖို့အတွက် Unicode Addins တစ်ခုကို ထပ်မံ Install ပြုလုပ်ဖို့ လိုပါလိမ့်မယ်။ အောက်ပါ Link ကနေ Download ဆွဲပါ။
http://www.myanmarnlp.org.mm/sites/default/files/MsWord07_UnicodeUtilities_Addin.zip
Microsoft Excel 2007 မှာ မြန်မာစာတွေကို အက္ခရာစဉ်နိုင်ဖို့အတွက် အောက်ပါ Addin ကို Download လုပ်ပြီး Install ပြုလုပ်ပါ။
http://www.myanmarnlp.org.mm/sites/default/files/MsExcel07_UnicodeUtilities_Addin.zip
အားလုံး Install ပြုလုပ်ပြီးသွားရင်တော့ စတင်အသုံးပြုနိုင်ပါပြီ။ Segmentation ကို အရင်စမ်းသပ်ကြည့်ရအောင်ပါ။ Microsoft Word ကိုဖွင့်ပါ။ Myanmar3 Font ကို ရွေးချယ်ပြီး မြန်မာစာကြောင်း တစ်ကြောင်းလောက်ကို Space တွေ မခြားဘဲနဲ့ ရိုက်ကြည့်ပါ။ ပြီးရင် Save လုပ်ပါ။ အပေါ် Tab တွေထဲက MMNLP Unicode Utilities ကို ရွေးပါ။ ပြီးနောက် Phrase Break ကို နှိပ်ပါ။ ဒါဆိုရင် New Windows တစ်ခု ပွင့်လာပြီး ရိုက်ထားတဲ့စာတွေကို ဘာသာဗေဒနည်းအရ ပုဒ်စုအလိုက် ပိုင်းဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ အောက်မှာပြထားတဲ့ နမူနာတွေကို ကြည့်နိုင်ပါတယ်။
Install လုပ်လိုက်ရင် Word 2007 မှာ Ribbon Bar မှာ အခုလို ပေါ်လာပါလိမ့်မယ်။
ဒီအတိုင်းရိုက်လိုက်တယ်။
Phrase Breaking လုပ်လိုက်တဲ့အခါ..
Searching လည်းရတယ်
Convert လုပ်ဦးမလား
Software တွေ Download ချရာမှာ ကြာတယ်။ သိချင်ရုံသက်သက်လောက်ပဲဆိုရင်တော့ Manual PDF တွေကို အောက်ပါ Link တွေကနေ Download ဆွဲနိုင်ပါတယ်။
Myanmar Unicode Installation & Usage Manual
http://cl.ly/0S2s1g0O1Z1e0s232Y39
Myanmar Unicode Excel 2007 Addin User Manual
http://cl.ly/3W3g1e0O2r0e1H0d372Z
Myanmar Unicode Word Addin User Manual
ဒါတွေကိုကြည့်ခြင်းအားဖြင့် Unicode အသုံးပြုကြောင့် ရနိုင်တဲ့အကျိုးကျေးဇူးတွေကို မြင်တွေ့နိုင်ပါတယ်။ ဒါတွေဟာ အစပဲရှိဦးမှာပါ။ နောက်ပိုင်းကျရင် သတ်ပုံစစ်ဆေးခြင်း ပါလာပါလိမ့်ဦးမယ်။ နောက်ကျရင်တော့ ဘာသာပြန်စနစ်တွေထိ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့မြန်မာစာတွေဟာ Unicode နဲ့ ရိုက်ထားမှပဲ ဒီ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါလိမ့်မယ်။ Unicode အပြောင်းအလဲတွေကိုတော့ www.myanmarnlp.org.mm နဲ့ www.myanmarnlp.net.mm မှာ ကြည့်နိုင်ပါတယ်။
Original Post : http://www.myanmaritmen.org
0 comments:
Post a Comment