Reset Your Mac OS Account Password


တစ်နေ့က အသိတစ်ယောက် Macbook Pro မှာ account password မေ့သွားပြီး ဘာမှ လုပ်မရတော့လို့ သွားကူဖြစ်ပါတယ်။ အမှန်တော့ အရင်ကလဲ အတွေ့ အကြုံရှိပြီးသားမို့ သူ့ကို ဝယ်တုန်းက ပါလာတဲ့ Mac OS ခွေပါ ယူခဲ့ခိုင်းလိုက်ပါတယ်။ အခွေက နဂိုပါတဲ့အခွေမှ ရပါတယ် ကျွန်တော့် စက်ကပါတဲ့ မူရင်းအခွေနဲ့ သူ့စက်မှာ သွားပြင်လို့ မရပါဘူး။ သူ့အခွေ နဲ့ သူ့စက်နဲ့မှ အလုပ်လုပ်အောင် ရေးထားပုံပေါ်ပါတယ်။

နောက်တော့ သူ့စက်ထဲ အခွေထည့် ပြီးတော့ power button ကို ဖိထားပြီး ပါဝါ ပိတ်တယ်။ နောက် ပြန် ပါဝါ ဖွင့်တဲ့ အချိန်မှာ C key ကို ဖိထားလိုက်ရင် CD ခွေနဲ့ boot တက်လာပြီး OS install လုပ်မလားမေးပါတယ်။ ပထမဆုံး အဲဒီမေးခွန်းမေးတဲ့ အချိန်မှာပဲ စကရင် အပေါ်ဆုံးက Apple logo menu နောက်ဘက်မှာ Installer Utility > Reset Password လုပ်ရုံပါပဲ။

အဲဒီ menu က ရုပ်တရက်ဆို မမြင်တတ်ပါဘူး ဘာလို့လဲဆိုတော့ OS set up လုပ်ချိန်မှာ အပေါ်က apple menu bar ပေါ်နေလိမ့်မယ်လို့ မထင်ထားလို့ပါပဲ။ ကျွန်တော်တောင် အရင်လုပ်တုန်းက အဲဒီ ဘားသတိမထားမိလို့ ၂ ခါ OS install လုပ်လိုက်မိသေးတယ်။ အမှန်တော့ အဲဒီမှာ reset လုပ် password ပြောင်းပြီးတာနဲ့ စက်ကို ဘာမှလုပ်စရာမလိုပဲ Restart ချ ပြန်တက်လာရင် Password အသစ်နဲ့ ဝင်လို့ ရပါပြီ။ မူရင်း data တွေ တစ်ခုမှ မပျက်ပါဘူး။

by Htoo Tay Zar

Ref : www.htootayzar.com

1 comments:

Comment here

  © Blogger template Diary by wn-diary.info 2011

Back to TOP